ကမ္ဘာဦးကျမ်း(၁၆)

 အခန်းကြီး(၁၆)
            အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူ ဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊ စာရဲက၊ အကျွန်ုပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေး တော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကိုနားထောင်လေ၏။ ထိုသို့ အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏ မယားစာရဲသည် မိမိကျွန်အဲဂုတ္တုပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။ အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓြေွစွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည်ကိုယ်၌ ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါ စေသောဟု၊ အာဗြံအားဆိုလေ၏။ အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှ ပြုပါစေလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေး လေ၏။
            ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရိမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကို တွေ့လျှင်၊ စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့သွားမည်နည်းဟု မေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။ ထာဝရဘုရား၏ ကောင်းကင် တမန်ကလည်း၊ သင်၏ သခင်မထံသို့ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟုမိန့်တော်ရှိ၏။ ၁ဝတဖန်ထာဝရ ဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွှယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည် ဟူ၍၄င်း၊ ၁၁သင်သည်ကိုယ်ဝန်ဆောင်သည် ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည်သင်၏ဆင်းရဲဒုက္ခကို ကြားသိတော် မူပြီ။ ၁၂သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။  မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၄င်း မြွက်ဆိုလေ၏။ ၁၃ထိုသို့မိန့်မြွက်တော် မူသော ထာဝရဘုရားကို၊ အာတောဧလရောဟူသော အမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည် တကားဟု ဟာဂရဆိုလေ၏။ ၄ထိုအကြောင်းကို အစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏ စပ်ကြားမှာ ရှိသတည်း။