ကမ္ဘာဦးကျမ်း(၇)

 အခန်းကြီး(၇)
            ထိုနောက်၊ ထာဝရ ဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလ အမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ကြလော့။ မြေကြီးပေါ်မှာ တိရစ္ဆာန် အမျိုးမပြတ် ဆက်နွှယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး၊ တမျိုးတမျိုး တွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် လည်း အထီးအမ နှစ်စုံစီ၊ မိုဃ်းကောင်းကင် ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီး တို့ကို သိမ်းယူရမည်။ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည် ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။ မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။ ရေလွှမ်းမိုးခြင်းဘေး ကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊ ဘုရားသခင်မှာထားတော်မူသည် အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
            ၁ဝခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။ ၁၁နောဧအသက် ခြောက်ရာ စေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတား ရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင် ပြွန်ဝများကိုဖွင့်သဖြင့်၊ ၁၂အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ ၁၃ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း ဟူသော၊ နောဧသားသုံးယောက်၊ ချွေးမ သုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ ၄သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သော ကြက်ငှက်မျိုး၊ ၁၅အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုး အပေါင်းတို့ထဲက၊ အထီးအမစုံတို့သည် နောဧ နှင့်အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ ၁၆ထိုသို့ နောဧကို ဘုရားသခင် မှာထားတော်မူသည်အတိုင်း ဝင်သော တိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက် ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထား တော်မူ၏။
            ၁၇ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး၊ မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍၊ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ ၁၈တဖန် ရေသည် အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက် သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ ၁၉နောက်တဖန် ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် မိုဃ်းကောင်း ကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ၂ဝရေမြုပ်သော တောင်တို့အထက်၌ လွှမ်းတက်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
            ၂၁မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ ၂၂အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှ တို့သည် သေကြကုန်၏။ ၂၃မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင် ငှက်ဖြစ်စေ၊ အသက်ရှင်သော အရာရှိသမျှတို့ကို မြေကြီးက  ပယ်ရှင်း တော်မူ၍၊ ပျက်ဆီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာ ကျန်ကြွင်း လေကြ၏။ ၂၄ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်းတရာ ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။